Tuesday, January 10, 2017

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် အောင်ဝင်းဦးမှ ရဲအရာရှိလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိစစ်ဆေးခြင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးသည် ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး)သို့ ရောက်ရှိပြီး (၁၀-၁-၂၀၁၇) ရက်နေ့ (၀၈၀၀) အချိန်မှ (၀၉၀၀) အချိန်ထိ ဗဟိုခန်းမတွင် ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၆/၈၈/၈၉) သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံ၍ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စာပေ၊ လေ့ကျင့်ရေး၊ အခြေခံ စစ်နည်းဗျူဟာဘာသာရပ်များ ဘက်စုံကျွမ်းကျင်တတ်မြောက်အောင် အလေးထားလိုက်နာသင်ယူ မှတ်သား ကြရန် ပြောကြားပြီး၊ ဆက်လက်၍ အစည်းအဝေးခန်းမ (၁) တွင် (၀၉၁၅) မှ (၁၀၃၅) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ နည်းပြ အရာရှိများနှင့် တွေ့ဆုံကာ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ဦး/ရေး/ထောက်ဆိုင်ရာများကို ရှင်းလင်း တင်ပြခဲ့ပြီး ရဲမှူးချုပ် အောင်ဝင်းဦးမှ နည်းပြအရာရှိများအား မွမ်းမံသင်တန်းများဖွင့်လှစ်သင်ကြားပေးရန်နှင့် အရာရှိလောင်းသင်တန်းများတွင် စိတ်ဓါတ်/စည်းကမ်းကောင်းမွန်ပြီး ဘက်စုံထူးချွန်ထက်မြက်သော အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ရေး လေ့ကျင့်သင်ကြားပေးရန် မှာကြားခဲ့ကာ၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကွန်ပျူတာခန်း၊ အင်္ဂလိပ်စာ စာသင်ခန်း၊ အမျိုးသမီးသုံးထပ်အိပ်ဆောင်၊ စက်ပစ်ကွင်းအ၀င်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။









No comments:

Post a Comment