Wednesday, February 1, 2017

ရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ် ဇော်မိုးသန်း ဒုရဲအုပ်လောင်းသင်တန်း (၈၆/၂၀၁၆) ရဲသီဟတပ်ခွဲ လာရောက် သင်ခန်းစာပို့ချ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးချုပ် ဇော်မိုးသန်းသည် ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမတွင် (၃၀-၁-၂၀၁၇) ရက်နေ့ (၀၇၃၀) အချိန်မှ (၀၉၅၀) အချိန်ထိ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟတပ်ခွဲ သင်တန်းသား/သင်တန်းသူများအား တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် ပြောင်းလဲကျင့်သုံး လာသည့် နိုင်ငံတကာအယူအဆများအကြောင်းနှင့်ပတ်သက်၍ ပို့ချဆွေးနွေးခဲ့ပါသည်။
ထို့နောက် ရဲလေ့ကျင့်ရေးအရာရှိချုပ်သည် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးနှင့်အတူ ပြတိုက်၊ သင်တန်းသူ သုံးထပ်အိပ်ဆောင်၊ စက်ပစ်ကွင်း၊ ယုံကြည်မှုကွင်း၊ မှုခင်းသရုပ်ပြအိမ်တွင် မှုခင်းသရုပ်ပြခြင်း၊ ပျိုးဥယျာဉ်၊ စစ်ရေးပြကွင်း အ၀င်လမ်းပြုပြင်ဆောင်ရွက်မှု၊ ပုညကာရမဟာဝီရဘုရားမြေနေရာ၊ အခြားအဆင့်ရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး (၁၁၂၅) အချိန်တွင် အရာရှိစားရိပ်သာတွင် နေ့လည်စာ သုံးဆောင်ပြီး (၁၃၂၀) အချိန်တွင် ပြန်လည်ထွက်ခွါသွား ခဲ့ပါသည်။





No comments:

Post a Comment