Wednesday, May 17, 2017

ကျောင်းအုပ်ကြီးမှ ရာထူးတိုးတပ်ဖွဲ့ဝင်များအား ရာထူးတံဆိပ်တပ်ဆင်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ခန်းမ (၁) တွင် ၂၀၁၇ ခုနှစ်၊ မေလ (၁၇) ရက်နေ့ (၁၄၀၀) အချိန် ရာထူးတိုးတပ်ဖွဲ့ဝင်များအား ရာထူးတံဆိပ်တပ်ဆင်ပွဲအခမ်းအနားအား ကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးမှ ဂုဏ်ပြုချီးကျူးအမှာစကားပြောကြားခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီး ဒုရဲမှူးကြီး တင့်ဆွေအား ယာယီရဲမှူးကြီး အဆင့်သို့လည်းကောင်း၊ ဌာနခွဲမှူးများဖြစ်ကြသော ရဲမှူး ၀င်းအောင်၊ ရဲမှူး တင်ထွန်းဝေ၊ ရဲမှူး သန့်ဇင်တို့အား ယာယီဒုတိယရဲမှူးကြီး အဆင့်သို့လည်းကောင်း ရာထူးတံဆိပ်များတပ်ဆင်ပေးပြီး ရာထူးတိုးတပ်ဖွဲ့ဝင်များကိုယ်စား ဒုတိယကျောင်းအုပ်ကြီးမှ ကျေးဇူးတင်စကားပြောကြား၍ ရာထူးတိုးမြှင့်ခြင်းအခမ်းအနား (၁၅၃၀) အချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။






No comments:

Post a Comment