၃၀-၃-၂၀၁၈ ရက်နေ့ (၀၉၀၀) အချိန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမတွင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၃/၂၀၁၈) ရဲသူရတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြုခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူများမှ နိုင်ငံတော်အလံကိုထိကိုင်၍ ကတိသစ္စာခံယူခြင်း၊ သင်တန်းသား/သင်တန်းသူအချင်းချင်းမှ အပြန်အလှန်အရာရှိလောင်း အသိအမှတ်ပြုအဆင့်တံဆိပ်တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီးနောက် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်မှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး/ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၃/၂၀၁၈) ရဲသူရတပ်ခွဲမှ သင်တန်းသား/သင်တန်းသူ (၃၂၃) ဦးနှင့် ၄င်းတို့၏ မိဘဆွေမျိုး(၂၀၀)ဦး တက်ရောက်ခဲ့ပြီး (၀၉၃၀) အချိန် အခမ်းအနားပြီးဆုံးခဲ့ပါသည်။






 
No comments:
Post a Comment