၃-၄-၂၀၁၈ ရက်နေ့ ၀၈၃၀ အချိန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ မိသားစုစာကြည့်တိုက်ခန်းမတွင် အလယ်တန်းနှင့် အထက်တန်းအဆင့်၊ နွေရာသီ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားအားကျင်းပရာ မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်ရည်မွန်ချို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဒုဥက္က္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ အလယ်တန်းအဆင့် သင်တန်းသား/သူ (၂၅)ဦး၊ အထက်တန်းအဆင့် သင်တန်းသား/သူ (၁၄)ဦး စုစုပေါင်း (၃၉)ဦး တက်ရောက်ခဲ့ကာ သင်တန်းအား (၂)လတာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
No comments:
Post a Comment