၃-၄-၂၀၁၈ ရက်နေ့ ၁၄၀၀ အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တပ်တွင်းစည်းရုံးရေး နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ(၄/၂၀၁၈) အခမ်းအနားအား ကျင်းပရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် ဒုရဲအုပ် ငယ်ငယ်ထွေးမှ (၇-၉-၂၀၁၇)ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ ဇော်ထွန်းလင်း (ဆေးပညာမဟာသိပ္ပံ) ရေးသားသော “ငန်ငန် မငန်ငန် ရှောင်ရန် ဆိုဒီယမ်” ဆောင်းပါးနှင့် ရဲအုပ် သူရမင်း၏ဇနီး ဒေါ်ခင်ပြည့်ပြည့်ကျော် က ဒေါက်တာ မတင်ဝင်း(ပညာရေးတက္ကသိုလ်)၏ စကားနှင်းပွင့်များစာအုပ်မှ “သဘောထားမညီ လည်း ညှိရတာပျော်စရာပဲ” ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခဲ့ကာ အခမ်းအနားသို့ သန္ဓေအရာရှိ(၉၃)ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေးဝန်ထမ်း(၇၁)ဦး၊ မိသားစု(၉၀)ဦး၊ စုစုပေါင်း(၂၅၄)ဦး တက်ရောက်၍ ဆန္ဒဖော်ထုတ်ပွဲအား ဆောင်ရွက် ခဲ့ပါသည်။ ဆက်လက်၍ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်ရည်မွန်ချိုမှ နေအိမ်လိုင်းခန်း ပတ်ဝန်းကျင် သန့်ရှင်းမှုနှင့် သီးနှံစိုက်ခင်းများ စိုက်ပျိုးဖြစ်ထွန်းမှု အကောင်းဆုံးဆုရရှိသူတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး မိသားစုဝင်များအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း စိုက်ခင်းမှထွက်ရှိသော ဂေါ်ဖီပန်းပွင့်ထုတ်များအား ပေးဝေခဲ့ပါသည်။








No comments:
Post a Comment