၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၃ ရက်(၁၃၇၉ ခုနှစ်၊ တန်ခူးလဆုတ် ၁၃ ရက်) ၁၆၀၀ အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ မြက်ခင်းပြင် ရေကစားမဏ္ဍာပ်၌ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်(အကြိုနေ့) ဖွင့်ပွဲ အခမ်းအနားအား ကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်နှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ ဌာနမှူး/ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ရဲအရာရှိ(အမျိုးသမီး)လုပ်ငန်းခွင်ဝင် (မွမ်းမံ)သင်တန်း အမှတ်စဉ်(၂/၂၀၁၈)မှ သင်တန်းသူများ၊ ဒုတိယရဲအုပ်လောင်းသင်တန်း(၉၃/၂၀၁၈) ရဲသူရတပ်ခွဲမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားကို မြူမှောင်ဝေကင်း သင်္ကြန်တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြက်ခင်းပြင်ရေကစားမဏ္ဍာပ်သို့ ရောက်ရှိ လာသော ကျောင်းအုပ်ကြီးနှင့်ဇနီးအား ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ ဌာနမှူး/ဌာနခွဲမှူးများ၊ သန္ဓေ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ သင်တန်းသား/သူများမှ သင်္ကြန်ရေအေးအား သပြေခက်ဖြင့်ပက်ဖြန်းကာ သင်္ကြန်တေး သီချင်းများ သီဆို၍ ပျော်ရွှင်စွာ သင်္ကြန်ရေကစားခဲ့ကြပါသည်။
 
No comments:
Post a Comment