၁၂-၄-၂၀၁၈ ရက်နေ့ ၁၀၀၀ အချိန်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ပုညကာရမဟာဝီရစေတီတော်မြတ်ကြီး၏ မင်္ဂလာကန်တော် ရေစက်ချနှင့်(ပထမ)အကြိမ် စုပေါင်းရှင်ပြု၊ ဒုလ္လဘရဟန်းခံ အလှူတော်မင်္ဂလာပွဲအခမ်းအနားအား ကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ဇနီး ဒေါ်ရည်မွန်ချို အမှူးထားလျက် နည်းပြမှူးချုပ်နှင့်ဇနီး၊ ဌာနမှူး/ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ အမှတ်စဉ်(၉၃/၂၀၁၈)မှ ဒုတိယရဲအုပ်လောင်းသင်တန်းသား/သူ များ တက်ရောက်၍ နတ်စင်ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး လှူဒါန်းမှုအစုစု ၃၅၆၄၀၀၀ိ/- အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ပင့်သံဃာ(၁၀)ပါး၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုလ္လဘရဟန်း(၄၆)ပါး၊ ရှင်သာမဏေ(၁၄)ပါးတို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဒုလ္လ္လဘရဟန်းလောင်းနှင့် ရှင်သာမဏေလောင်းများအား ဆံချ၊ ကိုရင်ဝတ်ခြင်း ဆောင်ရွက်နေပုံ
သံဃာတော်များအား အာရုံဆွမ်း ဆပ်ကပ်လှူဒါန်းစဉ်
သိမ်ဆင်းလောင်းလှူစဉ်
ရေစက်ချတရား နာယူစဉ်
နေ့ဆွမ်းဆက်ကပ် လှူဒါန်းစဉ်
 
No comments:
Post a Comment