မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၅/၂၀၁၈) အခမ်းအနားကို (၃-၅-၂၀၁၈) ရက်နေ့ (၁၄၃၀) မှ (၁၅၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပခဲ့ရာ သန္ဓေအရာရှိ (၉၀) ဦး၊ အခြားအဆင့်၊ စာရေး/ကျန်းမာရေးဝန်ထမ်း (၁၀၃) ဦး၊ မိသားစု (၉၅) ဦး စုစုပေါင်း (၂၈၈) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုရဲမှူးမျိုးကြည် (ရေးဌာနခွဲ)မှ နရခ၏ ညွန်ကြားချက်များအား ဖတ်ကြားဆွေးနွေးခြင်း၊ ရဲအုပ် သူရမင်း(ဥပဒေဌာနခွဲ)မှ ၆-၁၀-၂၀၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် မနောဖြူလေးရေးသားသော “စိတ်ဓါတ်ကျခြင်းကို ဘယ်လို တားဆီးမလဲ” ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခြင်း၊ ရဲအုပ် ထွန်းသိန်းဝင်း (ရဲသူရဌာနခွဲ)၏ဇနီး ဒေါ်ရီရီထူးမှ ဆောင်းပါးရှင် တင်မောင်အေး(ကန့်ဘလူ) ၏ “အသက်ကြီးသူများ သတိထား၊ ချော်လဲရင်အရိုးကျိုးမယ်” ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခြင်းတို့ ဆောင်ရွက်ပြီးနောက် ဆန္ဒဖေါ်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ပါသည်။ ၄င်းနောက် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ကျောင်းအုပ်ကြီး၏ဇနီး ဒေါ်ရည်မွန်ချိုမှ အလယ်တန်းနှင့် အထက်တန်းအဆင့် နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် အင်္ဂလိပ်စာပို့ချပေးခဲ့သော ဌာနမှူး(လေ့ကျင့်ရေး)၏ဇနီး ဒေါ်ချိုချိုဇော်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပါသည်။

 
No comments:
Post a Comment