Thursday, August 2, 2018

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၅/၂၀၁၈) ရဲကျော်သူတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြုခြင်း အခမ်းအနား ကျင်းပ

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၅/၂၀၁၈) ရဲကျော်သူတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြု အခမ်းအနားအား (၃-၈-၂၀၁၈) ရက်နေ့ (၀၈၀၀) အချိန်မှ (၀၈၃၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဒုရဲအုပ်လောင်းသင်တန်းသား/သူ (၂၈၈) ဦးတို့မှ နိုင်ငံတော်အလံကိုထိကိုင်၍ ကတိသစ္စာခံယူခြင်း၊ သင်တန်းသား/သူ အချင်းချင်း အပြန်အလှန် အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်တပ်ဆင်ခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီးနောက် နည်းပြမှူးချုပ် ယာယီရဲမှူးကြီး ထွန်းထွန်းဝေမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဌာနမှူး (စာပေ)၊ ဌာနမှူး (လေ့ကျင့်ရေး)၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ညွန်မှူး ဦးဇော်လင်းထွန်း၊ ဌာနမှူး/ဌာနခွဲမှူးများ၊ နည်းပြအရာရှိများနှင့် သင်တန်းသား/သူများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။





No comments:

Post a Comment