Monday, August 6, 2018

ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၆/၂၀၁၈) ရဲဗလတပ်ခွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် (၆-၈-၂၀၁၈)ရက်နေ့ (၀၈၀၀)အချိန်မှ (၀၉၀၀)အချိန်အထိ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၆/၂၀၁၈)ရဲဗလတပ်ခွဲ သင်တန်းဖွင့်ပွဲအခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်း တွင် ခေတ္တကျောင်းအုပ်ကြီး ရဲမှူးကြီး ဥက္ကာကို မှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် ယာယီရဲမှူးကြီး ထွန်းထွန်းဝေ က သင်တန်းသား/သင်တန်းသူ များအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းလက်စွဲပါစည်းကမ်းချက်များ၊ ကျောင်းဝင်ညွှန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့် ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း နည်းပြမှူးချုပ် ယာယီရဲမှူးကြီး ထွန်းထွန်းဝေ၊ ဌာနမှူး(စာပေ)၊ ဌာနမှူး (လေ့ကျင့်ရေး)၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပဏာမရွေးချယ်ထားသော ပြင်ပဘွဲ့ရ ဒုတိယရဲအုပ်လောင်း သင်တန်းသား(၁၇၆)ဦး၊ သင်တန်းသူ(၁၀၈)ဦး၊ တပ်တွင်းဘွဲ့ရ သင်တန်းသား(၁)ဦး၊ အကျဉ်းဦးစီးဌာနမှ သင်တန်းသား(၁၀)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ သင်တန်းသား(၁)ဦး၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ(၂၆၉)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့အထိ (၅၂)ပတ်ကြာ တက်ရောက်ရမည်ဖြစ် ပါသည်။ 






No comments:

Post a Comment