(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၈-၉-၂၀၁၈)ရက်နေ့ (၀၇၀၀)အချိန်မှ (၀၈၄၅)အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီး လူလူသန်း၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်နှင့် ဌာနမှူး၊ ဌာနခွဲမှူးများဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်(အရာရှိ၊ အခြားအဆင့်)၊ စာရေးဝန်ထမ်း စုစုပေါင်းအင်အား(၁၅၀)ဦး၊ ရဲသူရ၊ ရဲသီဟ၊ ရဲဗလတပ်ခွဲများမှ ဒုတိယရဲအုပ်လောင်း သင်တန်းသား(၁၅၀)ဦးတို့သည် ဇီးပင်ကြီးကျေးရွာ ခုတင်(၅၀)ဆံ့ ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပါသည်။ 
စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြသော တပ်ဖွဲ့ဝင်များနှင့် ၀န်ထမ်းများအား ဇီးပင်ကြီး ခုတင်(၅၀)ဆံ့ ဆေးရုံကြီး၊ တာဝန်ခံဆရာဝန် ဒေါက်တာ ဒေါ်အေးအေးနွယ် နှင့်အဖွဲ့မှ လ္ဘက်ရည်၊ အကြော်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment