Friday, September 14, 2018

ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ်(၉၅/၂၀၁၈)၊ ရဲကျော်သူတပ်ခွဲ သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ်(၉၅^၂၀၁၈)၊ ရဲကျော်သူတပ်ခွဲ ဗဟိုမီးသတ်ဦးစီး ဌာန သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၀၉၁၀ အချိန်မှ ၀၉၄၀ အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ရဲမှူးကြီး လူလူသန်း တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး အကောင်း ဆုံးကျောင်းသားဆုရရှိသူ ကသ-၁၉ ဒုတိယရဲအုပ်လောင်း ကောင်းသွင်ဦး၊ လေ့ကျင့်ရေးထူးချွှန်ဆုရရှိသူ ကသ-၉၆ ဒုတိယရဲအုပ်လောင်း ဘိုဘိုလွင်၊ ဥပဒေဘာသာရပ် ထူးချွှန်ဆုရရှိသူ ကသ-၂၁၀ ဒုတိယရဲအုပ်လောင်း ခိုင်ဇင်ဝေ တို့အား ဆုချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် သင်တန်း ဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား ကသ-၁၅ ဒုတိယရဲအုပ်လောင်း ကျေ်သူရတို့အား ပေးအပ်ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး၊ ဌာနခွဲမှူးများ၊ နည်းပြ အရာရှိများနှင့် ဗဟိုမီးသတ်သင်တန်းကျေင်းမှ လေ့ကျင့်ရေးဌာနမှူး ဒုညွှန်မှူး ဦးစိုးဝင်းနှင့် နည်းပြအရာရှိများ တက်ရောက်ခဲ့ကာ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၅၊ ၂၀၁၈)မှ သင်တန်းသား(၁၉၅)ဦး၊ သင်တန်းသူ(၉၃)ဦး၊ စုစုပေါင်း(၂၂၈)ဦးအား သင်တန်းဆင်း ပေးခဲ့ပါသည်။







No comments:

Post a Comment