Monday, January 14, 2019

ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၃/၂၀၁၈) ရဲသူရတပ်ခွဲ သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ဇီးပင်ကြီး၊ ဇန်န၀ါရီ ၁၄ ရက်
     မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၃/၂၀၁၈)၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇန်န၀ါရီလ ၁၄ရက်နေ့ (၀၉၃၀)အချိန် ဗဟိုခမ်းမ၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်း တက်ရောက် အမှာစကားပြောကြားကာ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခြင်း၊ တပ်စိပ်ချေမှုန်းရေး ထူးချွန်ဆုရရှိသည့် တပ်စိပ်အမှတ် (၁၈)မှ တပ်စိပ်ခေါင်းဆောင် ကျောင်းသားအမှတ် (၁၇၉)၊ဒုတိယရဲအုပ်လာင်း သန်းနိုင်ဦး၊ ရဲကျင့်ဝတ်ထူးချွန်ဆု ရရှိသည့် ကျေင်းသားအမှတ် (၁၂၃) ဒုတိယ ရဲအုပ်လောင်း မျိုးအောင် တို့အား ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းမှ ဆုများပေးအပ်ချီးမြှင့် ခဲ့ ပါသည်။
     သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယ ကျောင်းအုပ်ကြီး၊နည်းပြချုပ်၊ဌာနမှူး၊ ဌာနခွဲမှူးများ၊ သင်တန်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် သင်တန်းဆင်း အရာရှိ အမျိုးသား (၂၀၈)ဦး၊ အမျိုးသမီး (၁၁၃)ဦး၊စုစုပေါင်း (၃၂၁)ဦး တက်ရောက်ခဲ့ ကြပါသည်။





No comments:

Post a Comment