၃-၅-၂၀၁၉ ရက်နေ့၊ ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တပ်တွင်းစည်းရုံးရေးနှင့်
စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့်
ဆန္ဒဖော်ထုတ်ပွဲ (၅/၂၀၁၉) အခမ်းအနားအား ကျင်းပရာ အခမ်းအနားသို့
ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်း တက်ရောက်အဖွင့်အမှာစကားပြောကြား
ပြီးနောက် ရဲအုပ် သိန်းစိုးမှ (၁၀-၄-၂၀၁၉) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ
ဆောင်းပါးရှင်သိုက်စိုးထွန်း(နတ်ရွာ)ရေးသားသော '' အရေးကြီးတာအရင်လုပ်" ခေါင်းစဉ်နှင့် ရဲအုပ် သိန်းစိုး၏ ဇနီး
ဒေါ်နန့်မူခလိန်မှ (၂၂-၃-၂၀၁၉) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင်ရဲရဲထွန်းတောက် (မွှေးလုံး) ရေးသားသော '' မသန့်ရှင်းသောအစားအစာ၊ အန္တရာယ်ရှိသောအစားအသောက်များ သတိထား "
ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ကာ အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊နည်းပြမှူးချုပ်၊ ဌာနမှူး (လေ့ကျင့်)၊
ဌာနမှူး (စာပေ)၊ ဌာနခွဲမှူးများနှင့် အရာရှိ (၈၁)ဦး၊ အခြားအဆင့်၊ စာရေး၊
ကျန်းမာရေးဝန်ထမ်း (၈၃)ဦး၊ မိသားစု (၈၆)ဦး၊ ပေါင်း (၂၅၀)ဦး တက်ရောက်၍
ဆန္ဒဖော်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ပါသည်။
No comments:
Post a Comment