ဆက်လက်ပြီး သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် ရဲမှူးကြီး စောနေလင်းမှ သင်တန်းသား/ သင်တန်းသူများ အား ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းလက်စွဲပါ စည်းကမ်းချက်များ၊ ကျောင်းဝင်ညွှန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့် ဆုရွေးချယ်ရေးဆိုင်ရာမှုဝါဒများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊ နည်းပြများနှင့် မိတ်ဆက်ပေးခဲ့ ပါသည်။
 သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း 
ဒုတိယကျောင်းအုပ်ကြီး၊ 
နည်းပြမှူးချုပ်၊အထူးစုံစမ်းရေးဦးစီးဌာန(မန္တလေး)ညွှန်ကြားရေးမှူး 
ဦးသော်တာအောင်၊ ဌာနမှူး(လေ့ကျင့်ရေး)၊ ဌာနမှူး(စာပေ) ၊ ဌာနခွဲမှူးများ 
၊နည်းပြအရာရှိများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ 
ပဏာမရွေးချယ်ထားသောပြင်ပဘွဲ့ရ သငတန်းသား(၁၀၄)ဦး၊ တပ်တွင်းဘွဲ့ရ 
သင်တန်းသား(၂)ဦး၊ သင်တန်းသူ (၁၀)ဦး၊ အထူးစုံစမ်းရေးဦးစီးဌာနမှ 
သင်တန်းသား (၁၁၄)ဦး၊ သင်တန်းသူ(၃၆)ဦး၊ အကျဉ်းဦးစီးဌာနမှ သင်တန်းသား 
(၁၀)ဦး ၊ စုစုပေါင်း (၂၇၆)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းအား ၂၀၁၉ ခုနှစ်သြဂုတ်လ ၂၆ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့အထိ (၅၂) ပတ်ကြာ တက်ရောက်ရမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းအား ၂၀၁၉ ခုနှစ်သြဂုတ်လ ၂၆ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့အထိ (၅၂) ပတ်ကြာ တက်ရောက်ရမည်ဖြစ်ပါသည်။




 
No comments:
Post a Comment