Thursday, September 5, 2019

ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၉/၂၀၁၉)၊ ရဲကျော်သူတပ်ခွဲ၊သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း လက်မှတ် ပေးအပ်ခြင်း အခမ်းအနားကျင်းပ


မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၉/၂၀၁၉) ရဲ
ကျော်သူတပ်ခွဲ၊ ၊သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၉ခုနှစ်၊စက်တင်ဘာလ ၆ ရက်နေ့ (၀၈၀၀)အချိန် မှ (၀၈၃၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခမ်းမ၌ ကျင်းပခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ယာယီ ရဲမှူးချုပ် ဟန်ထွန်း တက်ရောက် အမှာစကားပြောကြားကာအကောင်းဆုံးကျောင်းသားဆုရရှိသူ ကသ ၆ ဒုတိယရဲအုပ်လောင်း ကျော်ဇင်ထိုက်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ကသ ၈၃ ဒုတိယရဲအုပ်လောင်း ထက်မျိုးလှိုင်၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရရှိသူ ကသ ၂၈၇ ဒုတိယရဲအုပ်လောင်း ဖြူသဇင် တို့အားဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား ကသ ၁ ဒုတိယရဲအုပ်လောင်း ကျော်လင်းဦးတို့အားပေးအပ်ချီးမြှင့်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ဥက္ကာကို၊ နည်းပြမှူးချုပ် ရဲမှူးကြီး စောနေလင်း၊ ဌာနမှူး(စာပေ)၊ ဌာနမှူး(လေ့ကျင့်ရေး)၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း၊ဌာနမှူး(လေ့ကျင့်ရေး) ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် နည်းပြအရာရှိများ တက်ရောက်ခဲ့ရာ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၉/၂၀၁၉) ရဲကျော်သူတပ်ခွဲမှသင်တန်းသား (၂၂၀)ဦး၊ သင်တန်းသူ (၁၂၅)ဦး၊ စုစုပေါင်း (၃၄၅)ဦး တို့သင်တန်းဆင်းပေးခဲ့ပါသည်။











No comments:

Post a Comment