Wednesday, October 2, 2019

တပ်တွင်းစည်းရုံးရေးနှင့်စည်ကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆန္ဒ ဖော်ထုတ်ပွဲ (၁၀/၂၀၁၉)ကျင်းပ

၂.၁၀.၂၀၁၉ ရက်နေ့ ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ (၁၀/၂၀၁၉) အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်း တက်ရောက်အဖွင့်အမှာစကားပြောကြားပြီးနောက် ရဲအုပ်ခေတ်မင်း မှ (၂.၉.၂၀၁၉) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ကောင်းမွန် ရေးသားသော အပြု သဘောဆောင်တတ်ပါစေ  ခေါင်းစဉ်နှင့် ရဲအုပ်ခေတ်မင်း၏ဇနီး ဒေါ်ခင်တိုးမှ (၃.၉.၂၀၁၉) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါေ ဆာင်းပါးရှင် ဒေါက်တာစောဝင်း(ကလေးကျန်းမာရေး) ရေးသားသော အသွင်ပြောင်း ပိုလီယိုရောဂါနှင့် လူထုတာဝန် ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ကာ အခမ်းအနားသို့ နည်းပြမှူးချုပ်၊ ဌာနမှူး (စာပေ)၊ ဌာနခွဲမှူးများနှင့် အရာရှိ (၇၁)ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေးဝန်ထမ်း (၈၂)ဦး၊ မိသားစု (၇၅)ဦး၊ စုစုပေါင်း (၂၂၈)ဦး တက်ရောက်၍ ဆန္ဒဖော်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ပါသည်။







No comments:

Post a Comment