၁၃.၁၂.၂၀၁၉ ရက်နေ့ ၁၆၀၀ အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ အုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ(၂)တွင် စစ်နည်းဗျူဟာ ခံ၊ ခွာ၊ ချီ၊ တိုက်
ဘာသာရပ် နည်းပြ(TOT) ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးချုပ် ဟန်ထွန်း တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး ၊ နည်းပြမှူးချုပ်၊ ဌာနမှူး (လေ့ကျင့်ရေး)၊ ဌာနမှူး (စာပေ) ၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများတက်ရောက်ပြီး သန္ဓေတပ်ဖွဲ့ဝင်သင်တန်းသား အရာရှိ (၅)ဦး၊ အခြားအဆင့် (၂၅)ဦး၊ ပေါင်း (၃၀)ဦးတို့အား သင်တန်းဆင်းပေးခဲ့ပါသည်။
No comments:
Post a Comment