ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ၂၄-၂-၂၀၂၀ ရက်နေ့ ၀၈၀၀ အချိန် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်    (၁၀၁/၂၀၂၀) ရဲသူရတပ်ခွဲ  သင်တန်းဖွင့်ပွဲအခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း (၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင်   ဒုတိယကျောင်း အုပ်ကြီး ရဲမှူးကြီး ဉက္ကာကိုမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ကာ သင် တန်းအားဖွင့်လှစ်ပေးခဲ့ပြီး (၀၈၃၀) အချိန် အခမ်းအနားပြီးဆုံးခဲ့ပါသည်။
        ဆက်လက်ပြီး သင်တန်းဖွင့်ပွဲဒုတိယပိုင်းအား  (၁၁၀၀)   အချိန်မှ (၁၁၃၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် ရဲမှူးကြီး စောနေ လင်းမှ  သင်တန်းသားများအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်း လက်စွဲပါ စည်းကမ်းချက်များ၊ ကျောင်းဝင်ညွှန်ကြားလွှာပါ စည်းကမ်းပိုင်း ဆိုင်ရာနှင့် ဆုရွေးချယ်ရေးဆိုင်ရာမူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ နည်းပြအရာ ရှိများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
          သင်တန်းဖွင့်ပွဲအခမ်းအနားသို့     ရဲအရာရှိလေ့ကျင့်ရေးကျောင်း နည်းပြမှူးချုပ်၊  ဌာနမှူး(လေ့ကျင့်ရေး)၊ ဌာနမှူး(စာပေ)၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  ပဏာမရွေးချယ်ထားသော တပ်တွင်းဘွဲ့ရသင်တန်းသား (၃၀၄)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မှ သင်တန်းသား(၂၁)ဦး၊ အကျဉ်းဦးစီးဌာနမှ  သင်တန်းသား(၈)ဦး   စုစု  ပေါင်း(၃၃၃)ဦး တက်ရောက်ခဲ့ပါသည်။




 
No comments:
Post a Comment