Saturday, May 28, 2016

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟတပ်ခွဲ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြုအဆောင်အယောင် အပ်နှင်းပွဲ အခမ်းအနားကျင်းပ

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း (၁) တွင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟ တပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြု အဆောင်အယောင်အပ်နှင်းပွဲ အခမ်းအနားအား (၂၈-၅-၂၀၁၆) ရက်နေ့ (၀၇၃၀) အချိန်မှ (၀၈၀၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟ တပ်ခွဲအား စစ်ဆေးခြင်း၊ သင်တန်းသားများမှ နိုင်ငံတော်အလံထိ ကတိသစ္စာခံယူခြင်း၊ ဒုတိယရဲအုပ်လောင်း သင်တန်းသား/သင်တန်းသူ (၃၂၈) ဦးတို့မှ အချင်းချင်းအပြန်အလှန် အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ် တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီးနောက် ကျောင်းအုပ်ကြီးက မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၅/၂၀၁၅) ရဲသူရတပ်ခွဲနှင့် အမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟ တပ်ခွဲတို့မှ သင်တန်းသား/သင်တန်းသူများမှ ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပြီး စစ်ရေးပြကွင်းမှ ပြန်လည်ထွက်ခွါသွားကြပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ သန္ဓေနည်းပြ အရာရှိများ၊ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၅/၂၀၁၅) ရဲသူရတပ်ခွဲမှ သင်တန်းသား/သင်တန်းသူ (၂၈၂) ဦး၊ အမှတ်စဉ် (၈၆/၂၀၁၆)  ရဲသီဟတပ်ခွဲမှ သင်တန်းသား/သင်တန်းသူ (၃၂၈)ဦး၊ ပေါင်း (၆၁၀) ဦးနှင့် ၄င်းတို့၏ မိဘဆွေမျိုးများ အပါအ၀င် စုစုပေါင်း (၉၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။









No comments:

Post a Comment