ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ အုပ်ချုပ်ရေးရုံးခန်းမ (၂) တွင် ၆-၆-၂၀၁၆ ရက်နေ့ (၀၈၀၀) အချိန် ရဲအရာရှိ (အထူး) သင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ သင်တန်းဖွင့်ပွဲမိန့်ခွန်း ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး တင့်ဆွေ၊ နည်းပြမှူးချုပ် ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေ၊ ဌာန/ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ သင်တန်းသား (၁၈) ဦး၊ သင်တန်းသူ (၂၁) ဦး၊ စုစုပေါင်း (၃၉) ဦးတက်ရောက်ခဲ့ပြီး (၀၈၃၀) အချိန်ပြီးဆုံးခဲ့ပါသည်။
အဆိုပါသင်တန်းသား ၂၀၁၆ ခုနှစ် ဇွန်လ (၆) ရက်နေ့မှ ဇူလှိုင်လ (၁) ရက်နေ့ထိ ရက်သတ္တပတ် (၄) ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment