Sunday, June 12, 2016

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဇီးပင်ကြီး၊ ကျောင်းခြံစည်းရိုး မိုးရာသီ ကြီးမြန်သစ်ပင်စိုက်ပျိုးပွဲနှင့် ကျောင်းခြံစည်းရိုး အုတ်တိုင်အမှတ်အသား (၂၃) တိုင် စိုက်ထူပွဲကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ဇီးပင်ကြီးတွင် ကျောင်းခြံစည်းရိုး အုတ်တိုင် အမှတ်အသား စိုက်ထူ ပွဲ နှင့်ကြီးမြန်သစ်ပင် စိုက်ပျိုးပွဲကို ၂၀၁၆ ခုနှစ်၊ဇွန်လ၊၁၂ ရက်နေ့(၁၃၇၈ ခုနှစ်၊နယုန်လဆန်း ၇ ရက်)၊နံနက် (၇း၀၀)အချိန် သင်တန်းသား၊သင်တန်းသူများ ချီ၊တိုက်၊ခံ၊ခွာ လေ့ကျင့်ကွင်း တောင်ဘက်ခြမ်းနယ်နိမိတ်၊အုတ်တံတိုင်း အမှတ်အသား(၂၃)တိုင်နှင့် ကြီးမြန်သစ်ပင်များဖြစ်သည့် ယူကလစ်(၃၅၀)ပင်၊ခါတော်မီ(၁၅၀)ပင်၊စုစုပေါင်း(၅၀၀)ပင် စိုက်ပျိုးခဲ့ရာ (၀၉၃၀)အချိန်ပြီးဆုံးခဲ့ပါသည်။
အဆိုပါစိုက်ပျိုးပွဲနှင့် အုတ်တံတိုင်းစိုက်ထူပွဲသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုး၊ ဒုတိယကျောင်းအုပ်ကြီး၊နည်းပြမှူးချုပ်၊ဌာန/ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များ နှင့် စာရေးဝန်ထမ်း အင်အား(၁၅၀)ဦး၊ ရဲသီဟတပ်ခွဲမှ သင်တန်းသား(၁၀၀)ဦး၊စုစုပေါင်း(၂၅၀)ဦး ဆောင်ရွက်ခဲ့ကြပါသည်။ 



No comments:

Post a Comment