Monday, June 20, 2016

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၈/၂၀၁၆) ရဲဗလတပ်ခွဲ သင်တန်းဖွင့်ပွဲကျင်းပ

ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမတွင် (၂၀-၆-၂၀၁၆) ရက်နေ့ (၀၈၀၀) မှ (၀၈၃၀) အချိန်ထိ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၈/၂၀၁၆) ရဲဗလတပ်ခွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းကျင်းပပြုလုပ်ခဲ့ကာ နည်းပြမှူးချုပ်၊ ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေမှ (၀၉၀၀) အချိန်မှ (၁၀၀၀) အချိန်ထိ သင်တန်းသား/သင်တန်းသူများအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း လက်စွဲပါ စည်းကမ်းချက်များ၊ ကျောင်းဝင်ညွှန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့် ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒများကို ပြောကြား ရှင်းလင်းပေးခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာန/ဌာနခွဲမှူးများ၊ နည်းပြများ၊ တပ်ခွဲမှူး၊ တပ်စုမှူးများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာန/ဌာနခွဲမှူးများ၊ နည်းပြများ၊ တပ်ခွဲမှူး၊ တပ်စုမှူးများနှင့် တပ်တွင်းဘွဲ့ရ ဒုတိယရဲအုပ်လောင်းသင်တန်းသား (၂၀၀) ဦး၊ သင်တန်းသူ (၁၀၉) ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ သင်တန်းသား (၃) ဦး၊ သင်တန်းသူ (၂) ဦး စုစုပေါင်း (၃၁၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းအား ၂၀၁၆ ခုနှစ် ဇွန်လ (၂၀) ရက်နေ့မှ ၂၀၁၇ ခုနှစ် ဇွန်လ (၁၆) ရက်နေ့အထိ (၅၂) ပတ်ကြာ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment