မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ (၆/၂၀၁၆) ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ၊ ဂုဏ်ပြုပွဲအခမ်းအနားအား (၃၀-၆-၂၀၁၆) ရက်နေ့ (၁၄၀၀) အချိန်မှ (၁၅၀၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ဦးဆောင် ပြုလုပ်ခဲ့ပြီး သန္ဓေအရာရှိ (၇၄) ဦး၊ အခြားအဆင့်/ စာရေးဝန်ထမ်း/ ကျန်းမာရေးဝန်ထမ်း (၉၃) ဦး၊ တပ်ဖွဲ့ဝင် မိသားစု (၁၀၄) ဦး၊ စုစုပေါင်း (၂၇၁) ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် တပ်တွင်းဆေးခန်းမှ ဒေါက်တာ ဉာဏ်ဝင်းသိန်းက(၈-၆-၂၀၁၆) ရက်နေ့ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် မြဂုဏ်ဆောင်ရေးသားသော “ကွမ်းစားခြင်း မှပေးနေသော  ဘေးထွက်ဆိုးကျိုးများ” ခေါင်းစဉ်အား ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် တာဝန်ထမ်းဆောင်နေသော အရာရှိ/ အခြားအဆင့်တပ်ဖွဲ့ဝင် (၃၃၈) ဦးအတွက် ထောက်ပံ့ကြေးငွေ စုစုပေါင်း (၃၃၈၀၀၀၀ိ/-)အား ဒုတိယကျောင်းအုပ်ကြီးနှင့် နည်းပြမှူးချုပ်တို့မှ လက်ခံရယူခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၆) ဦးအား ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်တို့မှ ထောက်ပံ့ငွေ (၁၁၁၆၁၆၀ိ/-)တန်ဖိုးရှိ ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ဆုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
၂၀၁၅-၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် (၅) ဘာသာဖြင့် အောင်မြင်သူ (၁) ဦး၊ (၄) ဘာသာဖြင့် အောင်မြင်သူ (၁) ဦးတို့အား ကျောင်းအုပ်ကြီးဇနီးမှလည်းကောင်း၊ (၃) ဘာသာဖြင့်အောင်မြင်သူ (၂) ဦး၊ (၂) ဘာသာဖြင့်အောင်မြင်သူ (၁) ဦးတို့အား ဒုတိယကျောင်းအုပ်ကြီးဇနီးမှလည်းကောင်း၊ ရိုးရိုးအောင်မြင်သူများအား နည်းပြမှူးချုပ်ဇနီးမှ လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး (၁၅၀၀) အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment