ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ အုပ်ချုပ်ရေးရုံးခန်းမ (၂) တွင် ၁-၇-၂၀၁၆ ရက်နေ့ (၁၃၀၀) အချိန် ရဲအရာရှိ (အထူး) သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး တင့်ဆွေ၊ နည်းပြမှူးချုပ် ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေ၊ ဌာန/ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ သင်တန်းသား (၁၇) ဦး၊ သင်တန်းသူ (၂၀) ဦး စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ပြီး (၁၃၃၀) အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။
အဆိုပါသင်တန်းအား ၂၀၁၆ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့မှ ဇူလှိုင်လ (၁) ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment