မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ အုပ်ချုပ်ရေးရုံးခန်းမ (၂)တွင် (၅-၇-၂၀၁၆) ရက်နေ့ (၀၉၀၀)အချိန်မှ (၀၉၃၀) အချိန်ထိ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ၏အစီအစဉ်ဖြင့် "ရဲလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာစံနှုန်းများ" အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုး နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကိုယ်စားလှယ် Mr. John Erik Jensen တို့မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်နှင့် ဌာန၊ ဌာနခွဲမှ နည်းပြအရာရှိ (၂၅)ဦး၊ ရဲလေ့ကျင့်ရေးကျောင်းများမှ အရာရှိ (၃၀)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲအား (၅-၇-၂၀၁၆)ရက်နေ့မှ (၇-၇-၂၀၁၆) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment