မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း အုပ်ချုပ်ရေးရုံးခန်းမ (၂) တွင် (၇-၇-၂၀၁၆) ရက်နေ့ (၁၆၀၀) အချိန်မှ (၁၆၃၀) အချိန်ထိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ၏အစီအစဉ်ဖြင့် “ရဲလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာစံနှုန်းများ” အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီးဝင်းမြင့်စိုးနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကိုယ်စားလှယ် Mr.John Erik Jensen တို့မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ရဲလေ့ကျင့်ရေးကျောင်းများမှ အရာရှိ (၃၀) ဦး ကိုယ်စား အရာရှိ (၁) ဦးအား Mr.John Erik Jensenမှ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ပြီးစီးမှု လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်နှင့် ဌာန၊ ဌာနခွဲမှ နည်းပြအရာရှိ (၂၅) ဦး၊ ရဲလေ့ကျင့်ရေးကျောင်းများမှ အရာရှိ (၃၀) ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲအား (၁၆၃၀) အချိန် အခမ်းအနားပြီးဆုံး ခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment