ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)တွင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၈၇/၂၀၁၆) ရဲကျော်သူ တပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြုအဆောင်အယောင်အပ်နှင်းပွဲအခမ်းအနားအား (၂၃-၇-၂၀၁၆) ရက်နေ့ ၀၇၃၀ အချိန်မှ ၀၈၀၀ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၈၇/၂၀၁၆) ရဲကျော်သူတပ်ခွဲအား စစ်ဆေးခြင်း၊ သင်တန်းသား/သင်တန်းသူများမှ နိုင်ငံတော်အလံထိ ကတိသစ္စာခံယူခြင်း၊ သင်တန်းသား/သင်တန်းသူ (၄၁၅)ဦးတို့မှ အချင်းချင်းအပြန်အလှန် အရာရှိလောင်းအသိအမှတ်ပြုအဆင့်တံဆိပ် တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ကြပြီးနောက် ကျောင်းအုပ်ကြီးမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၈၇/၂၀၁၆) ရဲကျော်သူတပ်ခွဲမှ သင်တန်းသား/သင်တန်းသူ များမှ ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပြီး စစ်ရေးပြကွင်း (၁) မှ ပြန်လည်ထွက်ခွဲသွား ခဲ့ကြပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ သနေ¨္ဓနည်းပြ အရာရှိများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ လေ့ကျင့်ရေးဌာနမှူးနှင့် နည်းပြအရာရှိများ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟတပ်ခွဲမှ သင်တန်းသား/သင်တန်းသူ (၄၁၅)ဦး၊ ပေါင်း (၇၄၃) ဦးနှင့် ၄င်းတို့၏ မိဘဆွေမျိုးများအပါအ၀င် စုစုပေါင်း  (၉၂၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment