မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၏ (၁၇) ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် ဇူလှိုင်လ (၂၃)ရက် နံနက် (၀၉၃၀)နာရီက ကျင်းပပြုလုပ်ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးနှင့်ဇနီး မိသားစု၊ ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး တင့်ဆွေနှင့်ဇနီး၊ နည်းပြမှူးချုပ် ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေနှင့်ဇနီး၊ သန္ဓေတပ်ဖွဲ့ဝင်နှင့် မိသားစု (၃၀၀) ဦး၊ ဒုရဲအုပ်လောင်း သင်တန်းသား/သင်တန်းသူ (၉၂၃) ဦး၊ စုစုပေါင်း (၁၂၂၃) ဦး တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပေးပြီး ရွာလယ်ကျောင်း ဆရာတော် ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ထို့နောက် ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီးဝင်းမြင့်စိုးနှင့်ဇနီး မိသားစုတို့ဦးဆောင်၍ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရွာလယ်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရား နာယူလျက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။
ထို့နောက် ကြွရောက်လာသော ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသူ အပေါင်းတို့အား နေ့လည်စာ ပဲထမင်းဖြင့် ဧည့်ခံကျွေးမွေးပါသည်။ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၏ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုအစုစုမှာ ၀တ္ထုငွေနှင့် ပစ္စည်းတန်ဘိုး စုစုပေါင်း ၂၀၆၉၀၀၀ိ/- ကျပ် ဖြစ်ပြီး (၁၂၃၀) အချိန် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment