၁။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ တပ်ဖွဲ့အတွင်းလစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ(၈/၂၀၁၆) အခမ်းအနားကို (၂၅-၈-၂၀၁၆)ရက်နေ့ (၁၄၀၀)အချိန်မှ (၁၄၃၀)အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေအရာရှိ(၈၂)ဦး၊ အခြားအဆင့်၊ ကျန်းမာရေးနှင့် စာရေးဝန်ထမ်း(၁၀၁)ဦး စုစုပေါင်း(၁၈၃)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ၀င်းမြင့်စိုးမှ အမှာစကားပြောကြားပြီးနောက် နည်းပညာဌာနခွဲ ရဲအုပ်ဇော်လင်းနိုင်မှ (၂၆-၈-၂၀၁၆) ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာမျိုးမင်းသိန်း ရေးသားသော ‘‘ သွားဖုံး ကျန်းမာရေး အရေးကြီးသလား ‘‘ခေါင်းစဉ်အား ဆွေးနွေးခဲ့ပါသည်။
၂။ ဆက်လက်ပြီးဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပခဲ့ရာ သန္ဓေအရာရှိများနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးရန် မရှိကြောင်းတင်ပြသည့်အတွက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။




No comments:
Post a Comment