၁။    မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ တပ်ဖွဲ့အတွင်းဆွေးနွေးပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲ(၈/၂၀၁၆)အခမ်းအနားကို (၂၅-၈-၂၀၁၆)ရက်နေ့(၁၄၃၀)အချိန်မှ(၁၅၀၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်စောယုနွယ်က ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေမိသားစုဝင်(၉၆)ဦးတက်ရောက်ခဲ့ ပါသည်။ အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ကျောင်းအုပ်ကြီး၏ ဇနီး ဒေါ်စောယုနွယ်က အဖွင့်အမှာစကားပြောကြာခဲ့ပါသည်။ ဒုရဲမှူးဌေးအောင်၏ဇနီး ဒေါ်ရီရီလွင်မှ(၈-၆-၂၀၁၆)ရက်နေ့ ထုတ်သည့်  မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် ကြည်လွင်မြင့်( မုဒြာ )ရေးသားသော“ မိုးဥတုမှာ သတိပြုစရာများ“ ခေါင်းစဉ်အားဆွေးနေးခဲ့ပါသည်။
၂။    ဆက်လက်ပြီး ဆန္ဒထုတ်ဖော်ပွဲ အခမ်းအနားကျင်းပခဲ့ရာ မိသားစုဝင်များမှ ဆောင်ရွက်ပေးရန် မရှိကြောင်း တင်ပြလာသည့် အတွက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


 
No comments:
Post a Comment