၁။           မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင်(၁-၈-၂၀၁၆)ရက်နေ့မှ(၂၆-၈-၂၀၁၆)ရက်နေ့ထိ ဖွင့်လှစ်ခဲ့သော မြို့နယ်ရဲတပ်ဖွဲ့မှူး(ရဲမှူး)လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၂/၂၀၁၆)သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၆-ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ နံနက်(၀၈၀၀)နာရီ အချိန်မှ (၀၈၃၀)နာရီအချိန်ထိမန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ် ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ရဲလေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးချုပ် ဇော်မိုးသန်း တက်ရောက်၍ သင်တန်ဆင်း မိန့်ခွန်း ပြောကြားခဲ့ပါသည်။
၂။                  သင်တန်းဆင်းပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုး၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  (ရဲမှူး) လုပ်ငန်းခွင်ဝင် သင်တန်း အမှတ်စဉ်(၂/၂၀၁၆) မှ သင်တန်းသား(၉၇)ဦး၊ သင်တန်းသူ(၂)ဦး၊ စုစုပေါင်း(၉၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


 
No comments:
Post a Comment