ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း (၁) တွင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၈/၂၀၁၆) ရဲဗလတပ်ခွဲ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြု အဆောင်အယောင်အပ်နှင်းပွဲ အခမ်းအနားအား (၁၀-၉-၂၀၁၆) ရက်နေ့ (၀၇၃၀) အချိန်မှ (၀၈၀၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၈/၂၀၁၆) ရဲဗလတပ်ခွဲအား စစ်ဆေးခြင်း၊ သင်တန်းသားများမှ နိုင်ငံတော်အလံထိ ကတိသစ္စာခံယူခြင်း၊ ဒုတိယရဲအုပ်လောင်း သင်တန်းသား/သင်တန်းသူ (၃၁၃) ဦးတို့မှ အချင်းချင်း အပြန်အလှန်အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ် တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီးနောက် ကျောင်းအုပ်ကြီးက မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၅/၂၀၁၅) ရဲသူရတပ်ခွဲ၊ အမှတ်စဉ် (၈၇/၂၀၁၆) ရဲကျော်သူတပ်ခွဲနှင့် အမှတ်စဉ် (၈၈/၂၀၁၆) ရဲဗလတပ်ခွဲတို့မှ သင်တန်းသား/သင်တန်းသူများမှ ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပြီး စစ်ရေးပြကွင်းမှ ပြန်လည်ထွက်ခွါသွားကြပါသည်။
အခမ်းအနားသို့ ထိုင်းရဲအကယ်ဒမီကျောင်းအုပ်ကြီး Pol. LT Gen. Sakda Techa krien Kria (Commissioner .Royal Police Cadet) နှင့်အဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၈/၂၀၁၆) ရဲဗလတပ်ခွဲမှ သင်တန်းသား/သင်တန်းသူ (၃၁၃) ဦး၊ အမှတ်စဉ် (၈၅/၂၀၁၅) ရဲသူရတပ်ခွဲမှ  သင်တန်းသား/သင်တန်းသူ (၂၂၀) ဦး၊ အမှတ်စဉ် (၈၇/၂၀၁၆) ရဲကျော်သူတပ်ခွဲမှ သင်တန်းသား/သင်တန်းသူ (၂၀၈) ဦး၊ ပေါင်း (၇၄၁) ဦးနှင့် ၄င်းတို့၏ မိဘဆွေမျိုးများ အပါအ၀င် စုစုပေါင်း (၁၁၃၉) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment