ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဇီးပင်ကြီး၊ အုပ်ချုပ်ရေးခန်းမတွင် (၁၀-၉-၂၀၁၆) ရက်နေ့ (၀၈၁၀) အချိန် ထိုင်းရဲအကယ်ဒမီ ကျောင်းအုပ်ကြီး Pol.LT Gen. SakdaTecha Krien Kria (Commissioner Royal Police Cadet) နှင့်အဖွဲ့အား ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ တွေ့ဆုံမိတ်ဆက်၍ ကျောင်းတံဆိပ်လက်ဆောင်များ၊ အပြန်အလှန်ပေးအပ်ခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး တင့်ဆွေမှ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊ ဒုရဲအုပ်လောင်းသင်တန်းများ၏ ရည်ရွယ်ချက်နှင့် လေ့ကျင့်သင်ကြားပေးမှုများအား  Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ထိုင်းရဲအကယ်ဒမီကျောင်းအုပ်ကြီးနှင့်အဖွဲ့အား လေ့ကျင့်ရေးရုံးရှိ ပြတိုက်၊ စာကြည့်တိုက်၊ မှုခင်းသိပ္ပံဓါတ်ခွဲခန်း၊ CBT ခန်း၊ ကွန်ပျူတာစာသင်ခန်းနှင့် သုံးထပ် သင်တန်းသူအိပ်ဆောင်များအား လိုက်လံပြသ ရှင်းလင်းခဲ့ပြီး (၁၀၀၀) အချိန်တွင် ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ပြန်လည်ထွက်ခွါသွားကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment