Sunday, October 2, 2016

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကျင်းပ

(၁-၁၀-၂၀၁၆) နေ့တွင်ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး)တွင်  အပိုင်း (၃) ပိုင်းခွဲ ကျင်းပခဲ့ပါသည်။
အစီအစဉ် ပထမပိုင်းအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် (၁-၁၀-၂၀၁၆) ရက်နေ့ (၀၅၃၀) အချိန်မှ (၀၆၃၀) အချိန်ထိ အုပ်ချုပ်ရေးရုံး ဧည့်ခန်းမဆောင်တွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးနှင့် ဇနီး ဒေါ်စောယုနွယ်၊ ဒုကျောင်းအုပ်ကြီးနှင့် ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ ရဲမှူး/ဒုရဲမှူးများ၏ ဇနီးများ၊ ဒုတိယရဲအုပ်လောင်း သင်တန်းသား/သင်တန်းသူ ရေးရာအဖွဲ့များမှ ရွာလယ်ကျောင်းဆရာတော်ပါ သံဃာတော် (၁၀) ပါး ထံမှ တရားတော်နာယူခြင်း၊ အာရုံဆွမ်း မုန့်ဟင်းခါးကပ်လှူခြင်း၊ လှူဘွယ်ဝတ္ထုလှုဒါန်းခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံခဲ့ပါသည်။
အစီအစဉ် ဒုတိယပိုင်းအဖြစ် (၀၉၀၀) အချိန်မှ (၀၉၅၀) အချိန်ထိ ဗဟိုခန်းမတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ရဲချုပ်ထံမှ ပေးပို့သည့် သ၀ဏ်လွှာအား ဖတ်ကြားခြင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်စောယုနွယ်၊ ဒုကျောင်းအုပ်ကြီးဇနီး၊ နည်းပြမှူးချုပ်ဇနီးတို့မှ အရာရှိနှင့် အခြားအဆင့်လိုင်းခန်းဆု (၈) ဆု၊ တန်ဖိုးငွေ (၃၁၉၉၄၀ိ/-)၊ တပ်ဖွဲ့ဝင်များနှင့် ၀န်ထမ်းများအား ဗလာမပါကံစမ်းမဲ တန်ဖိုးငွေ (၁၄၀၀၀၀၀ိ/-) ကျပ်အား မဲဖေါက်ပေးခဲ့ရာ အရာရှိ (၉၀) ဦး၊ အခြားအဆင့် (၅၀) ဦး၊ ၀န်ထမ်း (၁၅) ဦး၊ မိသားစုဝင် (၁၂၀) ဦး၊ ဒုရဲအုပ်လောင်း သင်တန်းသား/သင်တန်းသူ (၃၅၀) ဦး၊ စုစုပေါင်း (၆၅၀) ဦး တက်ရောက်ခဲ့ပါသည်။
အစီအစဉ်တတိယပိုင်းအဖြစ် (၁၅၃၀) အချိန်မှ (၁၇၃၀) အချိန်ထိ ကျောင်းအုပ်ကြီးနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီးတို့မှ စစ်ရေးပြကွင်း (၂) တွင် ဘော်လီဘော၊ အပြေး၊ ပိုက်ကျော်ခြင်း၊ ယူနီဖေါင်းဝတ်၊ ကျောင်းပတ် (၅) မိုင်တာဝေးအပြေးပြိုင်ပွဲ၊ မိသားစုအားကစား (၁၀) မျိုး ဆုရရှိသူများအား တန်ဖိုးငွေ (၃၆၈၀၀၀ိ/-) ကျပ်ဖိုး အသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ 











No comments:

Post a Comment