မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် (၂၆-၉-၂၀၁၆) နေ့မှ (၇-၁၀-၂၀၁၆) ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည့် BA 63, BA 64, BA 94 လက်နက်ငယ် ဖြုတ်ခြင်း၊ တပ်ခြင်း၊ တိုက်ချွှတ်ခြင်း နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို (၇-၁၀-၂၀၁၆) ရက်နေ့ နံနက် (၀၈၀၀) အချိန်မှ (၀၈၃၀) အချိန်ထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ အစည်းအဝေးခန်းမ (၂) တွင် ကျင်းပပြုလုပ်ခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုး တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်း ပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများနှင့် သင်တန်းသား/သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



 
No comments:
Post a Comment