Thursday, October 20, 2016

ပုညကာရမဟာဝီရစေတီတော် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် အခမ်းအနားကျင်းပ



မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ပုညကာမဟာဝီရစေတီတော်ဆီမီး(၁၀၀၀)
ထွန်းညှိပူဇော်ပွဲနှင့်နိဗ်္ဗာန်ဈေးပွဲတော်အား(၁၆-၁၀-၂၀၁၆)ရက်နေ့ညနေ(၀၆၀၀)အချိန်ဘုရာရင်ပြင်တော်
 ၌ကျင်းပပြုလုပ်ရာကျောင်းအုပ်ကြီးရဲမှူးကြီးဝင်းမြင့်စိုး ဇနီးဒေါ်စောယုနွယ်မိသားစုမှတက်ရောက်၍ဆီမီး
စတင်ထွန်းညှိပူဇော်ဖွင့်လှစ်ပေးခဲ့ပါသည်။ထို့နောက် ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး တို့မှဆက်လက်ထွန်းညှိပူဇော်ခဲ့ကြပြီး ဘုရားရင်ပြင်တော်ပေါ်တွင် အရှေ့ဘက် ရဲသီဟတပ်ခွဲ၊ တောင်ဘက်တွင်ရဲသူရတပ်ခွဲ၊ မြောက်ဘက်တွင်ရဲဗလတပ်ခွဲ၊ အနောက်ဖက်တွင် သန္ဓေတပ်ဖွဲ့ဝင်မိသားစုများမှရင်ပြင်ပေါ်တွင်မီးတိုင်(၂၅၀)စီ စုပေါင်းပူဇော်ခဲ့ကြပြီးနိဗ္ဗိာန်ဈေးပွဲတော်တွင် အုပ်ချုပ်ရေးရုံးမှသကြားပလာတာဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးရုံးမှကောက်ညှင်းပေါင်းအကြော်ဖြင့် လည်းကောင်း၊ ရဲသူရတပ်ခွဲမှမုန့်ဟင်းခါး၊ ရဲသူရတပ်ခွဲမှဆနွင်းမကင်း၊ ရဲဗလတပ်ခွဲမှ ကြာဇံကြော်၊ ဗ၀တမှကော်ဖီအေး အသီးသီးကျွေးမွေး ခဲ့ကြပါသည်။
အဆိုပါပူဇော်ပွဲအခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့် ဇနီး၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ တပ်ခွဲမှူး/ တပ်စုမှူးများ၊ သန္ဓေမိသားစုဝင်များ၊ ဇီးပင်ကြီးရွာ/ ပေပင်ရွာများမှ ဧည့်သည်တော်များ စုစုပေါင်း အင်အား (၂၀၀၀) ခန့် လာရောက်ခဲ့၍ ည (၀၈၀၀) အချိန် ပြီးဆုံးကြောင်း သတင်းရရှိသည်။







No comments:

Post a Comment