မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း
ဒုတိယ ရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၇/၂၀၁၅) ရဲကျော်သူတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၄ရက် နံနက် (၀၈၀၀) အချိန်မှ (၀၈၃၀) အချိန်ထိ မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ
ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးက အကောင်းဆုံးကျောင်းသားဆုရ
ကသ ၃၁၃ ဒုရဲအုပ်လောင်း ခိုင်သဇင်ထွန်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ကသ ၂၁၈ ဒုရဲအုပ်လောင်း
သန်းစိုး၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရရှိသူ ကသ ၃၂၇ ဒုရဲအုပ်လောင်း ဆုန်ချင်းနှင့် သင်တန်းသားများကိုယ်စား
သင်တန်းဆင်းလက်မှတ်များကို ကသ ၃ ဒုရဲအုပ်လောင်း  ကျော်အောင်စိုးတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ကြီး
ရဲမှူးကြီး ၀င်းမြင့်စိုးမှ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့
အထက်မြန်မာပြည် ဗဟိုမီးသတ်သင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီး ဦးသန်းထွဋ်ဦး၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ
ဒုကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ
တက်ရောက်ခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ (၄၁၅) ဦးတို့အား သင်တန်းဆင်းပေးခဲ့ကြောင်း
သတင်းရရှိသည်။




 
No comments:
Post a Comment