မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၏ တရားဝင် Blog ဖြစ်ပါသည်
Monday, November 14, 2016
(၁၈)ကြိမ်မြောက်ဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲအရာရှိလေ့ကျင့်ရေးကျောင်း၏(၁၈)ကြိမ်မြောက်ကထိန်သင်္ကန်းဆက်ကပ်
လှူဒါန်းပွဲကိုရဲအရာရှိလေ့ကျင့်ရေးကျောင်းဗဟိုခန်းမတွင်နိုဝင်ဘာလ(၁၃)ရက်နံနက် (၁၀၀၀)အချိန်
ကျင်းပပြုလုပ်ခဲ့ရာရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးရဲမှူးကြီးဝင်းမြင့်စိုးနှင့်ဇနီးမိသားစု
ဒုတိယကျောင်းအုပ်ကြီးဒုရဲမှူးကြီးတင့်ဆွေနှင့်ဇနီး၊နည်းပြမှူးချုပ်ဒုတိယရဲမှူးကြီးထွန်းထွန်းဝေနှင့်ဇနီး
ဌာနခွဲမှူး၊တပ်ခွဲမှူး၊နည်းပြအရာရှိများနှင့်ဇနီးများ၊သင်တန်းသား၊သင်တန်းသူရေးရာအဖွဲ့များ(၂၀၀)ဦး
ခန့်တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာအခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပေးပြီးညောင်ပေါကျောင်း ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ထို့နောက်ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးရဲမှူးကြီးဝင်းမြင့်စိုးနှင့်ဇနီးတို့မှဦးဆောင်၍ကထိန်သင်္ကန်းနှင့်
ပဒေသာပင်များ ဆက်ကပ်လှူဒါန်းမှုအစုစုတို့အတွက်ညောင်ပေါကျောင်းဆရာတော်ထံမှအနုမောဒနာ
တရားနှင့်ရေစက်ချတရားနာယူလျက်ဘုရားကန်တော့ပြီးအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။
ထို့နောက်ကြွရောက်လာသောဆရာတော်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး
ကြွရောက်လာသူအပေါင်းတို့အားထမင်းဖြင့်ဧည့်ခံကျွှေးမွေးပါသည်။ရဲအရာရှိလေ့ကျင့်ရေးကျောင်း၏
ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမှုအစုစုမှာဝတ္ထုငွေနှင့်ပစ္စည်းတန်ဘိုးစုစုပေါင်း(၆၉၈၅၅၀၀ိ/)သိန်း
ဖြစ်ကြောင်းသတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment