Monday, November 21, 2016

ပုညကာရမဟာဝီရစေတီတော်၏ အာရုံခံတန်ဆောင်းနှင့် ကွန်ကရစ်လမ်းတည်ဆောက်မှု ရေစက်ချလှူဒါန်းပွဲ

  ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင်တည်ထားကိုးကွယ်သော ပုညကာရမဟာဝီရစေတီတော်၏ အာရုံခံတန်ဆောင်းနှင့် ကွန်ကရစ်လမ်းတည်ဆောက်မှု ရေစက်ချလှူဒါန်းပွဲကို ၂၀၁၆ခုနှစ်နိုဝင်ဘာလ ၁၃ ရက်နေ့ (၁၃၇၇ခုနှစ်၊တန်ဆောင်မုန်း လဆန်း ၁၃ရက်နေ့) နံနက်(၀၅၃၀)မှ(၀၆၃၀)အထိ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးနှင့် ဇနီး ဒေါ်စောယုနွယ်၊  ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး သနေ်္ဓတပ်ဖွဲ့ဝင်များနှင့်ဇနီးများ၊ သင်တန်းသား/သင်တန်းသူရေးရာအဖွဲ့များ စုစုပေါင်းအင်အား (၁၀၀)ခန့် တက်ရောက် ခဲ့ကြပါသည်။
    အခမ်းအနားတွင်ပညာဇောတာရုံကျောင်းဆရာတော်ဥူးညာဏသိရိထံမှ ငါးပါးသီလ ခံယူပြီး အာရုံခံတန်ဆောင်းတွင် ဘုရားအနေကဇာတင်ခြင်း၊ ကျောင်းအုပ်ကြီး ရဲမှူးကြီးဝင်းမြင့်စိုးနှင့်ဇနီးဒေါ်စောယုနွယ်တို့မှပရိက်္ခရာ (၈)ပါး ဆပ်ကပ် လှူဒါန်းခြင်းနှင့် လှူဒါန်းမှု အစုစုအတွက်ရေစက်ချ တရားနာကြားခဲ့ပါသည်။ စေတီတော်ဘက်စုံတိုးတက်ရေး အတွက် အာရုံခံတန်ဆောင်းနှင့်ကွန်ကရစ်လမ်းခင်းခြင်းအား သနေ်္ဓတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား/သင်တန်းသူများ စုပေါင်း လှူဒါန်းငွေမှာ(၂၃၂၅၇၀၀၀ိ/)၊ (နှစ်ရာသုံးဆယ် ခုနှစ်သိန်း ငါးသောင်း ခုနှစ်ထောင်ကျပ်)ဖြစ်ပြီး ဆရာတော်များအား အာရုံဆွမ်း ဆပ်ကပ် လှူဒါန်း၍ မိသားစုများအား နို့စိမ်းခေါက်ဆွဲဖြင့် ဧည့်ခံခဲ့ကြောင်းသတင်းရရှိပါသည်။





No comments:

Post a Comment