မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၈၅/၂၀၁၅) ရဲသူရ တပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက် (၇) နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းက ဒုရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်း တပ်ခွဲကို စစ်ဆေးခဲ့သည်။ ထို့နောက် သင်တန်းဆင်းတပ်ခွဲများမှ ဒုရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီးနောက် ရဲချုပ်က ရဲသူရတပ်ခွဲမှ အကောင်းဆုံးကျောင်းသားဆုနှင့် အင်္ဂလိပ်စာ ဘာသာရပ်ထူးချွှန်ဆုရ ကျောင်းအသားအမှတ် ၁၀၄ ဒုရဲအုပ်လောင်း မင်းမင်းသက်၊ လေ့ကျင့်ထူးချွှန်ဆုရ ကျောင်းသား အမှတ် ၁၅၉ ဒုရဲအုပ်လောင်း အောင်စိုးမင်း၊ ဥပဒေဘာသာရပ်ထူးချွှန်ဆုရ ကျောင်းသားအမှတ် ၂၇၇ ဒုရဲအုပ်လောင်း အေးအေးသက်၊ ကွန်ပျူတာဘာသာရပ်ထူးချွှန်ဆုရ ကျောင်းသားအမှတ် ၁၉၈ ဒုရဲအုပ်လောင်း စမ်းယဉ်အေး တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၈၅/၂၀၁၅) ရဲသူရတပ်ခွဲသို့ ရဲချုပ်မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းတွင် ပြင်ပဘွဲ့ရ အမျိုးသား (၁၇၅) ဦး၊ အမျိုးသမီ (၁၀ရ) ဦး စုစုပေါင်း (၂၈၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment