Monday, November 28, 2016

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၅/၂၀၁၅) ရဲသူရတပ်ခွဲ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၅/၂၀၁၅) ရဲသူရတပ်ခွဲ သင်တန်းဆင်းလက်မှတ်ပေးပွဲအခမ်းအနား ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ (၀၉၃၀) အချိန်မှ (၁၀၃၀) အချိန်ထိ မန်္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း  ဗဟိုခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ မိန့်ခွန်းပြောကြားခဲ့ပြီး တပ်စိတ်ချေမှုန်းရေးထူးချွှန်ဆုရရှိသူ ကျောင်းသားအမှတ် (၁၁) ဒုရဲအုပ်လောင်း ကျော်ပြည့်ဖြိုးဟိန်း၊ ရဲကျင့်ဝတ်ဘာသာရပ်ထူးချွှန်ဆု ရရှိသူ ကျောင်းသားအမှတ် (၂၇၈) ဒုရဲအုပ်လောင်း အေးအေးမြင့်တို့အား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။




No comments:

Post a Comment