Monday, December 5, 2016

မြို့နယ် ရဲတပ်ဖွဲ့မှူး (ရဲမှူး) လုပ်ငန်းခွင်ဝင်သင်တန်း ဖွင့်ပွဲကျင်းပမှုသတင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး(ရဲမှူး) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၃/၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၀၈၀၀ မှ ၀၈၃၀ အချိန်ထိ ပြင်ဦးလွင် မြို့နယ်၊ ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်းအစည်းအဝေးခန်းမ (၂)တွင် ကျင်းပပြုလုပ်ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုး တက်ရောက်ပြီး သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့။ အဆိုပါ အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး(ရဲမှူး) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၃/၁၆)မှ သင်တန်းသား (၉၄)ဦး၊ သင်တန်းသူ (၅)ဦး စုစုပေါင်း (၉၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။



No comments:

Post a Comment