Monday, December 26, 2016

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၉/၂၀၁၆) ရဲသူရတပ်ခွဲ သင်တန်းဖွင့်ပွဲကျင်းပ

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် (၂၆-၁၂-၂၀၁၆) ရက်နေ့ (၀၈၀၀) အချိန်မှ (၀၉၄၀) အချိန်ထိ ဒုတိယ ရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၉/၂၀၁၆) ရဲသူရတပ်ခွဲ သင်တန်းဖွင့်ပွဲအခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း (၂) ပိုင်းခွဲ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ သင်တန်းဖွင့် မိန့်ခွန်း ပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေက သင်တန်းသား/သင်တန်းသူများအား ရဲအရာရှိလေ့ကျင့်ရေးကျောင်းလက်စွဲပါ စည်းကမ်းချက်များ၊  ကျောင်းဝင်ညွန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့် ဆုရွေးချယ်ရေးဆိုင်ရာမူဝါဒများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများနှင့် မိတ်ဆက်ပေး ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ နည်းပြ အရာရှိများ၊ တပ်တွင်းဘွဲ့ရ ဒုရဲအုပ်လောင်းသင်တန်းသား (၁၉၉) ဦး၊ သင်တန်းသူ (၁၀၈) ဦး စုစုပေါင်း (၃၀၇) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းအား ယနေ့ ၂၆-၁၂-၂၀၁၆ ရက်နေ့မှ ၂၂-၁၂-၂၀၁၇ နေ့ထိ (၅၂) ပတ်ကြာ တက်ရောက်ရမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။




No comments:

Post a Comment