Wednesday, December 28, 2016

တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ(၁၂/၂၀၁၆)ကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏  တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲ (၁၂/၂၀၁၆) အခမ်းအနားကို (၂၈-၁၂-၂၀၁၆) နေ့ (၁၄၀၀) မှ (၁၅၂၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓျေအရာရှိ (၈၄)ဦး၊ အခြားအဆင့်၊ ကျန်းမာရေးနှင့် စာရေးဝန်ထမ်း (၇၉) ဦး စုစုပေါင်း (၁၆၃) ဦး တက်ရောက်ခဲ့ ပါသည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဥပဒေဌာနခွဲမှ ဒုရဲမှူး မြင့်နိုင်မှ ၄-၁၂-၂၀၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် မောင်သောင်းဝင်း (တမန်ဟောင်း) ရေးသားသော “အသက်ရှည်ကျန်းမာဖို့ လမ်းလျှောက်ကြပါစိုး” ခေါင်းစဉ်အား ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး ကျောင်းအုပ်ကြီးမှ တပ်ဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး၊ အချင်းချင်းကူညီရိုင်းပင်၍ တပ်ဖွဲ့ စည်းကမ်းနှင့်နေထိုင်ကြရန်၊ တပ်ဖွဲ့ဝင်နှင့် မိသားစုတို့သည် လောင်းကစားမပြုလုပ်ရန်၊ နေအိမ်လိုင်းခန်းပတ်ဝန်းကျင် တွင် တစ်ပိုင်တစ်နိုင် သီးပင်စားပင်များ စိုက်ပျိုးကြရန်၊ တပ်ဖွဲ့ဝင်ဇနီးတို့သည် မိမိတို့၏ ခင်ပွန်းသည်တို့အား အရက်သေစာသောက်စားခြင်းမရှိစေရေး ထိန်းသိမ်းသွားကြရန်တို့ကို မှာကြားပြီး သန္ဓေအရာရှိနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များမှ တင်ပြရန်မရှိသည့်အတွက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment