မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ မိသားစုစည်းရုံးရေးနှင့်
စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့တွင်းဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ(၁၂/၂၀၁၆)
အခမ်းအနားကို (၂၈-၁၂-၂၀၁၆) ရက်နေ့ (၁၅၂၀) အချိန်မှ (၁၆၂၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း
ဗဟိုခန်းမ္ဓ၌ ကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်စောယုနွယ်က
ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေမိသားစုဝင် (၁၀၁) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်
မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ကျောင်းအုပ်ကြီးဇနီး ဒေါ်စောယုနွယ်က
အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဒုရဲမှူး မြင့်နိုင်၏ဇနီး ဒေါ်တင်မျိုးသူမှ ၅-၁၂-၂၀၁၆ ရက်နေ့ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ မောင်ဖြေရေးသားသော ကင်ဆာရောဂါကင်းဝေးစေသော
အစွမ်းထက်သည့် မုံလာဥနီဖျော်ရည် ခေါင်းစဉ်အား ဖတ်ကြား ဆွေးနွေးခဲ့ပါသည်။ 
ဆက်လက်္ဓ၍ဆန္ဒဖေါ်ထုတ်ပွဲ အခမ်းအနားကျင်းပခဲ့ရာ
မိသားစုဝင်များမှ ဆောင်ရွက်ပေးရန်မရှိကြောင်း တင်ပြလာသည့်အတွက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း
သတင်းရရှိသည်။
 
No comments:
Post a Comment