ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း(၂) တွင်နံနက် (၀၇၃၀)မှ (၁၀၀၀)အချိန်ထိ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အားကစားပြိုင်ပွဲတွင် ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက်၊ သံပုံးရိုက်၊ (၅)မိုင် ကျောင်းတစ်ပတ်အပြေးပြိုင်ပွဲ၊ မီတာ (၁၀၀/၂၀၀) အပြေးပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ဆုပေးပွဲ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ရဲမှူး ကြီး ၀င်းမြင့်စိုးနှင့် ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဇနီး၊ နည်းပြမှူးချုပ်နှင့် ဇနီး၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ နည်းပြအရာရှိများ တက်ရောက်အားပေးခဲ့ကြပြီး ဆုရရှိခဲ့ကြသည့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ဒုတိယရဲအုပ်လောင်း သင်တန်းသား/သူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကာ အမှတ်တရဓါတ်ပုံရိုက်ကူးကြပြီး လွတ်လပ်ရေးပွဲတော်အား စုစုပေါင်းအင်အား (၁၂၀၀)ခန့်ဖြင့် ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြကြောင်း သတင်းရရှိပါသည်
 
No comments:
Post a Comment