Monday, January 2, 2017

ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA) နှင့် မြန်မာ့မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) GBV အသိပညာပေးဟောပြောပွဲ ကျင်းပ

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဇီးပင်ကြီး ဗဟိုခန်းမတွင် (၃၁-၁၂-၂၀၁၆) ရက်နေ့ (၀၈၀၀) အချိန်၊ ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA) နှင့် မြန်မာ့မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) GBV အသိပညာပေးဟောပြောပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင် MANA မှ ရဲမှူးကြီး သိန်းကြည် (ငြိမ်း)မှ အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA) မှ National GBV Coordinator ဒေါ်မီမီသင်းအောင်မှ ရှင်းလင်းတင်ပြခြင်းနှင့် ပါဝင်ဆောင်ရွက်သော ပုဂ္ဂိုလ်မျာအားး မိတ်ဆက် ပေးပြီး အခမ်းအနားအစီအစဉ်အား ဆက်လက်ကျင်းပခဲ့ပါသည်။
ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA) နှင့် မြန်မာ့မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) GBV အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဒုတိယ ရဲမှူးကြီးတင့်ဆွေ၊ နည်းပြမှူးချုပ် ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေ၊ ဌာနခွဲမှူးများ၊ သင်တန်းတပ်ခွဲမှူးများ၊ သင်တန်းသား (၂၀၁)ဦး၊ သင်တန်းသူ (၁၁၁) ဦး၊ စုစုပေါင်း (၃၁၂) ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး တင့်ဆွေမှ နိဂုံးချုပ်အမှာစကားပြောကြားကာ (၁၅၄၅) အချိန်တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်း ရရှိပါသည်။







No comments:

Post a Comment