မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် နှစ်သစ်ကူးမဟာသင်္ကြန်အကျနေ့ပွဲတော်ကို ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမရှိ မဟိုရေကစားမဏ္ဍပ်၌ ၂၀၁၇ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ (၁၃၇၉ ခုနှစ် တန်ခူးလဆုတ် ၃ရက်) နံနက် (၀၈၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊  နည်းပြမှူးချုပ်နှင့်ဇနီး၊ ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင် မိသားစုများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို သင်္ကြန်တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ရောက်ရှိလာသော ကျောင်းအုပ်ကြီးနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီးတို့အား ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်မိသားစုများ၊ သင်တန်းသား/ သင်တန်းသူများမှ သင်္ကြန်ရေအား သပြေခက်ဖြင့် ပက်ဖျန်းကာ ကြိုဆိုခဲ့ပြီး သင်တန်းသား/သင်တန်းသူများမှ သင်္ကြန်သီချင်းများ သီဆို၍ ကပြဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ဒုကျောင်းအုပ်ကြီးမှ သင်တန်းသား/သင်တန်းသူများအား တပ်ခွဲတစ်ခွဲလျင် (၅၀၀၀၀ိ/-) ကျပ်စီဖြင့် တပ်ခွဲ (၃)ခွဲအတွက် စုစုပေါင်းဆုငွေ တစ်သိန်းခွဲကျပ်တိတိ(၁၅၀၀၀၀ိ/-) ကျပ် ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာ ကျင်းပ၍ ရေကစားခဲ့ကြပါသည်။
ထို့နောက် ကျောင်းအုပ်ကြီးနှင့်အဖွဲ့သည် သင်တန်းသား/သင်တန်းသူတပ်ခွဲများ၏ သင်္ကြန်မဏ္ဍပ်များတွင် သင်တန်းသား/သင်တန်းသူများ၏ ရေကစားနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment